စစ်ကားများအနီးသို့ရောက်ရှိသွားကြသည်။ သူမတို့ကမ်းပေးလိုက်သော ရေသန့်ဘူးများကို လှမ်းယူရင်း စစ်သည်တစ်ဦးဆီမှ မုတ်ဆိတ်ကျင်ဆွယ်များကြားမှ အပြုံးတစ်ပွင့်ကို မြင်လိုက်ရသည်။
"ကျေးဇူးပါပဲကွာ.. ဦးလေးတို့က အရမ်းညစ်ပတ်နေတော့ အိမ်တွေမှာ ရေလာမတောင်းရဲလို့။ သူများတွေ သွားတောင်းလာအပြီးကို စောင့်နေတာ"
ထိုစစ်သည်ကြီးသည် သူမတို့ပေးလိုက်သော စနိုးတာဝါနှင့် ရေဘူးထဲမှ ရေအချို့ကို ဟန်းကောချိုင့်လေးထဲသို့ထည့်ကာ ကားဦးခေါင်းပိုင်းသို့ ထသွားလေသည်။
"ဗိုလ်ကြီး.. ကလေးတွေက ဗိုလ်ကြီး အတွက်တဲ့လာပေးတာ"
ကားခေါင်းခန်းတွင် ဗိုလ်ကြီးဆိုသော အစ်ကိုကြီးတစ်ယောက်သည် သူမတို့အားဖျော့တော့သော အပြုံးလေးဖြင့် သွေးစများ စွန်းထင်းနေသော လက်ဖြင့် လှမ်းယူကာ
"ကျေးဇူးပါပဲ..ငါ့ညီနှင့် ညီမရာ"
x x x x x x x x x x x x x x x x x x x x x
သူမ၏အတွေးတို့သည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က အဖိုးတို့အဖွားတို့ရှိရာ ကျေးရွာလေးဆီသို့ သွားလည်စဉ်က အဖြစ်အပျက်လေးဆီသို့ရောက်ရှိသွားသည်။ နှစ်တွေကြာလာသည်နှင့် အမျှ လမ်းပန်းဆက်သွယ်ရေး စနစ်များလည်းတိုးတက်လာပါပြီ။ ယခုဆိုလျှင် ရှေ့တန်းပြန်စစ်သည်များသည် မိမိတို့ အိမ်သို့ပြန်ရာလမ်းသည် သီချင်းတကြော်ကြော်နှင့် ပျော်ရွှင်စွာ ခရီးမထောက်ပဲ ပြန်လာကြသည့် တပ်ဂိတ်ဝမှ မြင်ကွင်းကို ကြည့်ရင်း သူမလက်ထဲမှ အောင်သပြေပန်းလေးသည် တစ်စုံတစ်ယောက်သောသူကို စောင့်မျှော်နေပါသည်။